“MNA မှ သီတင်းကျွတ်အထူးအစီအစဉ်အဖြစ် ပျံသန်းပြေးဆွဲပေးမည်”

09 Oct

မြန်မာအမျိုးသားလေကြောင်းလိုင်း Myanmar National Airlines MNA မှ သီတင်းကျွတ်အထူးအစီအစဉ် အဖြစ် ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေးခရီးစဉ်ကို အောက်တိုဘာလ ၁၃ ရက် တနင်္ဂနွေနေ့နှင့် ၁၄ ရက် တနင်္လာနေ့ တို့မှာ ပျံသန်းပြေးဆွဲမယ်လို့ သိရပါတယ်။ လေယာဉ်လက်မှတ်ခများမှာ ရန်ကုန်မှ ပုသိမ်သို့ ကျပ်၂၅၀,၀၀၀၊ ပုသိမ်မှ ညောင်ဦးသို့ ကျပ် ၂၈၀,၀၀၀၊ မန္တလေးမှ ညောင်ဦးသို့ ကျပ် ၂၀၀,၀၀၀၊ ရန်ကုန်မှ ညောင်ဦးသို့ ကျပ် ၂၉၀,၀၀၀ ဖြစ်ပါတယ်။ ခရီးစဉ်အချိန်ဇယား တွေကတော့ အောက်တိုဘာလ ၁၃ ရက်ခရီးစဉ်ကို ရန်ကုန် ၀၆:၃၀ မှ ပုသိမ် ၀၇:၁၀၊ ပုသိမ် ၀၇:၂၅ မှ ညောင်ဦး ၀၉:၁၀၊ ညောင်ဦး ၀၉:၂၅ မှ မန္တလေး ၁၀:၀၀၊ အောက်တိုဘာလ ၁၄ ရက် ခရီးစဉ် UB 152 မန္တလေး ၁၅:၀၀ မှ ညောင်ဦး ၁၅:၃၅၊ ညောင်ဦး ၁၅:၅၀ မှ ပုသိမ် ၁၇:၃၅ ၊ ပုသိမ် ၁၇:၅၀မှ ရန်ကုန် ၁၈:၃၀ ဆိုက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)

09 Oct

ADVERTISE HERE .