“ဘားအံမြို့၌ သီတင်းကျွတ်လပြည့်နေ့ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်”

09 Oct

ကရင်ပြည်နယ်ရဲ့ ဘားအံမြို့မှာ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။ အဆိုပါပွဲတော်မှာ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ပူဇော်ကန်တော့ပွဲ၊ သံဃာပဝါရဏာ သိမ်ဆင်းလောင်းလှူပူဇော်ပွဲ၊ ဆီမီး ၉,၀၀၀ ပူဇော်ပွဲတို့ဖြင့် စည်ကားစွာ ကျင်းပသွားမယ်လို့ အောက်တိုဘာလ ၇ ရက် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)မှာ ကျင်းပခဲ့တဲ့ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကနေ သိရပါတယ်။ သီတင်းကျွတ်လပြည့်နေ့မှာ ကျင်းပမယ့် ပွဲတော်အစီအစဉ်အနေနဲ့ အနည်းဆုံး အောက်ခြေအချင်း ခြောက်ပေ၊ အမြင့်ပေ ၄၀ နှင့်အထက်ရှိတဲ့ မီးပုံးပျံကြီးအလုံး ၃၀ ကို ဘားအံမြို့ သီရိကွင်းမှာ လွှတ်တင်ပူဇော်မှာဖြစ်ပြီး နံနက် ၁၀ နာရီခန့်မှာတော့ ဘားအံမြို့ဇွဲကပင်ခန်းမတွင် ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်မြို့နယ်များမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများကို ပင့်ဖိတ်ပူဇော်ကန်တော့ကာ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင်မွန်းလွဲပိုင်းမှာ ဘားအံမြို့ မဲဘောင်ကျောင်းကြီးမှာ သံဃာပဝါရဏာဆောင် ရဟန်း၊ သံဃာတော် အပါး ၁၆၀ ခန့်ကို သိမ်ဆင်းလောင်းလှူ၍ ညဦးပိုင်းတွင် ဘားအံမြို့ သေဋ္ဌမာရ်အောင်ဘုရားကြီးမှာ ဆီမီး ၉,၀၀၀ ထွန်းညှိပူဇော်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

09 Oct

ADVERTISE HERE .