“ရေနံနှင့် ရေနံထွက်ပစ္စည်း သိုလှောင်ခွင့်လိုင်စင်များ သက်တမ်းတိုးရန် သတိပေး”

08 Oct

ရေနံနှင့်ရေနံထွက်ပစ္စည်း သိုလှောင်ခွင့်လိုင်စင်များကို သတ္တုတွင်းဦးစီးဌာနမှ ခွင့်ပြုချထားပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အဆိုပါရက်မတိုင်မီ ကြိုတင်ပြီး လိုင်စင်သက်တမ်းတိုး လျှောက်ထားရန်လိုအပ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သတိပေးနှိုးဆော် ထားပါတယ်။ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင်များကို ရေနံနည်းဥပဒေ(၁၁၉)အရ သက်တမ်းကုန်ဆုံးရက် မတိုင်မီ သက်တမ်းတိုးမြှင့်ရန် လိုအပ်ပြီး သက်တမ်းတိုးလျှောက်ထားပါက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အတွင်း လျှောက်ထားရန်လိုအပ်ကာ ပျက်ကွက်ပါက ရက်လွန်ဒဏ်ကြေးငွေအဖြစ် ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစတင်ပြီး တစ်ရက်လျှင် သိုလှောင်ခွင့်လိုင်စင်ကြေး၏ ၂ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပါတယ်။ သက်တမ်းတိုးလျှောက်လွှာများကို သတ္တုတွင်းဦးစီးဌာနမှ ထုတ်ပေးထားရှိတဲ့ သိုလှောင်ခွင့်လိုင်စင်မူရင်း၊ နောက်ဆုံးကွင်းဆင်းစစ်ဆေးချက်မူရင်း၊ စက်သုံးဆီအရောင်းဆိုင်နှင့် သိုလှောင်ကန်များ၏ လက်ရှိအခြေအနေကို ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများကို ပူးတွဲတင်ပြရန်လိုအပ်ကြောင်း သိရပါတယ်။ (NVS-004)

08 Oct

ADVERTISE HERE .