“(၄၄)ကြိမ်မြောက် မဟာသံဃာ့ပဝါရဏာပွဲတော် ကျင်းပမည်”

08 Oct

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်လုံးဆိုင်ရာ သံဃာ့ပဝါရဏာပွဲတော်အား မဟာဗောဓိပင် ဘုရားဂေါပကအဖွဲ့မှ အောက်တိုဘာလ ၁၇ ရက်(သီတင်းကျွတ်လပြည့်နေ့)တွင် မဟာနွယ်စဉ်ရပ်၊ ၇၃ လမ်း၊ ၃၉ လမ်းနှင့် ၇၁ လမ်းထောင့် ဗန်းမော်ကျောင်းတိုက်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အောက်တိုဘာလ ၁၇ ရက် နံနက် ၅ နာရီတွင် မဟာသံဃာ့ပဝါရဏာပွဲတော်ကြီးတွင် သံဃာတော်အပါး ၁၂၁ ပါးအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းသွားမှာြဖစ်ပြီး အဆိုပါသံဃာတော် ၁၂၁ ပါးကို သိမ်တော်တွင် ပဝါရဏာ ပြုလုပ်ပြီးလျှင် သံဃာတော်များအား ဗန်းမော်ကျောင်းတိုက်၊ အေးကမ္ဘာဗိမာန်တော်ကြီးတွင် ဆွမ်း၊ သပိတ်၊ လှူဖွယ်ဝတ္ထု တို့ဖြင့် ဆက်ကပ်လှူဒါန်းသွားမှာဖြစ်ပါတယ်။ တစ်နှစ်တစ်ကြိမ် ကျင်းပသည့် ထူးခြားလှတဲ့ မဟာသံဃာ့ပဝါရဏာပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရန် အတွက် စေတနာရှင်၊ ကုသိုလ်ရှင်များက တစ်ဦးချင်းဖြစ်စေ၊ သက်ဆိုင်ရာ ရက်ကွက်ဂေါပကအဖွဲ့အမှုဆောင်များထံတွင် စာရင်းပေးသွင်းလှူဒါန်းနိုင်ပါတယ်။ ဆွမ်း၊ သပိတ်၊ စာရေးတံနှင့် တစ်ဦးချင်းလှူဒါန်းမည့် အလှူရှင်များသည် သီတင်းကျွတ်လပြည့်နေ့ နံနက် ၆ နာရီ နောက်ဆုံးထား၍ အခမ်းအနားကျင်းပရာနေရာသို့ ရောက်ရှိရမည်ဖြစ်ပြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဖုန်း ဝ၉-၇၉၇၃၄၈၉၆၁၊ အတွင်းရေးမှူး ဖုန်း ၀၉-၂၅၆၅၀၂၂၈၁ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၁၇ ရက် ညနေ ၃ နာရီမှ ည ၇ နာရီအထိ စတုဒိသာများ ကျွေးမွေးသွားမှာဖြစ်သလို ညပိုင်းမှာလည်း ဆီမီး ၁,ဝဝဝ ဖြင့် ပူဇော်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

08 Oct

ADVERTISE HERE .