ကုန်ဈေးနှုန်းသတင်း ၈.၁၀.၂၀၂၄

08 Oct

အောက်တိုဘာလ ၈ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပြောင်းဆန်ဈေးတွေ အနည်းငယ် ကျဆင်းလာသလို ပဲစင်းငုံနီဈေးလည်း ဆက်တိုက်ကျဆင်းနေပါတယ်။ ကြက်သွန်နီ၊ ထောပတ်ပဲနဲ့ မန်ကျည်းသီးဈေးတွေ အနည်းငယ် မြင့်တက်လာပြီး ကြက်သွန်ဖြူ၊ ထန်းလျက်နဲ သကြား ဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၂၃,၄၂၈ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၃၆,၂၈၅ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၆,၄၀၅ ကျပ်ကနေ ၆,၄၄၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၃၉,၀၁၇ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၅,၈၅၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၆၆၅ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၆၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၁,၅၂၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာ ကို ၆,၀၀၀ ကျပ်ကနေ ၆,၃၃၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာ ကို ၆,၄၉၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၆၆၅ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၅၀ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၇,၆၇၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၃၅၀ ကျပ်ကနေ ၂,၉၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၁၇,၅၀၀ ကျပ်ကနေ ၁၇,၈၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၉၀၀ ကျပ်ကနေ ၆,၈၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၆၅၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာ ကို ၃,၃၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၆,၅၀၀ ကျပ်ကနေ ၆,၇၀၀ ကျပ်၊ ပုစွန်ခြောက် (ဖျာပုံရွှေ ပုစွန်) တစ်ပိဿာကို ၃၅,၀၀၀ ကျပ်ကနေ ၁၆၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၄၅,၀၀၀ ကျပ်ကနေ ၆၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါ တယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၆၁၆ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၄,၆၈၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၃,၅၅၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၉၅၅ ကျပ်၊ မန္တလေးမှာ ၃,၀၃၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၁၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၁၅၀ ကျပ်၊ မန္တလေးမှာ ၃,၂၃၀ ကျပ်၊ နေပြည်တော်မှာ ၃,၂၀၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၇၀ ကျပ်၊ မန္တလေးမှာ ၂,၆၅၀ ကျပ်၊ နေပြည်တော်မှာ ၂,၆၂၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၁၉၀ ကျပ်၊ မန္တလေးမှာ ၃,၂၇၀ ကျပ်၊ နေပြည်တော်မှာ ၃,၂၄၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၄၀၅,၉၉၄/-) ငါးဆယ် လေးသိန်း ငါးထောင် ကိုးရာ ကိုးဆယ် လေးကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၃၅၀,၀၀၀ိ/-) ခြောက်ဆယ် သုံးသိန်း ငါးသောင်းကျပ် ရှိနေတယ်လို့ သိရပါ တယ်။

08 Oct

ADVERTISE HERE .