“ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို လွဲချော်ဖွယ်ရှိနေတဲ့ ဗင်နီးစီးယက်စ်”

08 Oct

ရီးရဲလ်အသင်းရဲ့ ဘရာဇီးတောင်ပံကစားသမား ဗင်နီးစီးယက်စ်ဟာ လည်ပင်းဒဏ်ရာကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားမယ့် ဘရာဇီးအသင်းရဲ့ပွဲစဉ်တွေကို လွဲချော်သွားမှာဖြစ်တယ်လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်က အောက်တိုဘာလ ၆ ရက်မှာ အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။ ဗင်နီးစီးယက်စ် ဟာ ဗီလာရီးရဲလ်အသင်းနဲ့ပွဲစဉ်မှာ ရီးရဲလ်အသင်းအတွက် ပွဲထွက်ကစားခဲ့ပေမယ့် ဒဏ်ရာရခဲ့တာကြောင့် ပွဲချိန် ၇၉ မိနစ်မှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ ဗင်နီးစီးယက်စ် ရဲ့ ဒဏ်ရာအခြေအနေကို အသေးစိတ်မသိရသေးပေမယ့် ဘရာဇီးလက်ရွေးစင်နည်းပြ ဒိုရီဗယ် က အသင်းလူစာရင်းကနေ ဗင်နီးစီးယက်စ် နေရာကို အစားထိုးလိုက်တာပဲ ဖြစ်ပါတယ်။ နည်းပြ ဒိုရီဗယ် ဟာ ဒဏ်ရာရခဲ့တဲ့ ဗင်နီးစီးယက်စ်ရဲ့ နေရာမှာ ဖူဟမ်ကွင်းလယ်လူ ပါရဲရား ကို ဘရာဇီး လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ အစားထိုးခေါ်ယူလိုက်တယ်လို့ တရားဝင်ကြေညာချက်မှာ ထည့်သွင်းရေးသား ထားပါတယ်။ (NVS 008)

08 Oct

ADVERTISE HERE .