“ကာဗာဂျယ်ကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးလိုက်တဲ့ ရီးရဲလ်အသင်း”

08 Oct

စပိန်ကလပ် ရီးရဲလ်အသင်းဟာ အသင်းရဲ့အဓိကနောက်ခံလူ ကာဗာဂျယ် ကို ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီလို့ အောက်တိုဘာလ ၆ ရက်မှာ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကာဗာဂျယ် ဟာ ပြီးခဲ့တဲ့ဗီလာရီးရဲလ်အသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် ရာသီကုန်ထိ အနားယူ ရတော့မှာဖြစ်ပေမယ့် ရီးရဲလ်အသင်းဘက်က စာချုပ်သစ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ကာဗာဂျယ် ဟာ ဗီလာရီးရဲလ် အသင်းကို ၂ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ကွင်းလယ်သူ ပီနို နဲ့ထိခိုက်မိခဲ့ပြီး ဒဏ်ရာရခဲ့ပါတယ်။ ကာဗာဂျယ် ဟာ ဒဏ်ရာကြောင့် ရာသီကုန်ထိ အနားယူရတော့မယ်လို့ သိရပါတယ်။ စာချုပ်သစ်ကိစ္စအတွက် ရီးရဲလ် အသင်းဟာ ကာဗာဂျယ်နဲ့ ပြီးခဲ့တဲ့လတွေကတည်းက ဆွေးနွေးနေခဲ့တာဖြစ်ပြီး အခုအချိန်မှာ ဒဏ်ရာရသွားခဲ့ပေမယ့် စီစဉ်ထားတဲ့အတိုင်း စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာလို့ ရီးရဲလ်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကာဗာဂျယ် ဟာ ရီးရဲလ်အသင်းရဲ့ အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို အသင်းအတွက် ပြိုင်ပွဲစုံ ၄၇၂ ပွဲအထိ ကစားပေးထားသူတစ်ဦး ဖြစ်ပါတယ်။ (NVS 008)

08 Oct

ADVERTISE HERE .