“သထုံမြို့နယ်ရှိ ရေကြီး‌၊ ရေလျှံမှုများဖြစ်ပွားခဲ့တဲ့ကျေးရွာများမှာ နယ်လှည့်ကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ပေးနေ”

08 Oct

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ရေကြီး‌၊ ရေလျှံမှုများဖြစ်ပွားခဲ့တဲ့ ကျေးရွာများသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ရဲ့ အစီအစဉ်ဖြင့် နယ်လှည့်ကွင်းဆင်း ဆေးကုသမှုများပေးနေကြောင်း သိရပါတယ်။ အဆိုပါအစီအစဉ်ကို ပြည်နယ်ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ရေကြီး၊ ရေလျှံမှုဖြစ်ပွားခဲ့တဲ့ သရက်ညီနောင်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာတို့မှ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ခြင်း ဖြစ်ပါတယ်။ သရက်ညီနောင်ကျေးရွာ၊ ဈေးမသွယ်(အထက်) ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများကို ကျန်းမာရေးစစ်ဆေးခြင်း ကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ လိုအပ်သည့် ဆေးကုသမှုများ လမ်းညွှန်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။(NVS 004)

08 Oct

ADVERTISE HERE .