“ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်တွင် ဆီမီး ၉,ဝဝဝ ထွန်းညှိပူဇော်ပွဲကျင်းပမည်”

08 Oct

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်တွင် ဆီမီး ၉,၀၀၀ ထွန်းညှိပူဇော်ပွဲကို အောက်တိုဘာလ ၁၇ ရက်(သီတင်းကျွတ်လပြည်နေ့)မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရပါတယ်။ အောက်တိုဘာလ ၁၇ ရက်၊ နံနက် ၅ နာရီခွဲတွင် စေတီတော်ကြီးအတွင်းမှာရှိတဲ့ ဗုဒ္ဓဆင်းတုတော်များကို ပန်း၊ ရေချမ်း၊ ဆီမီးများနှင့်အတူ အရုဏ်ဆွမ်းကပ်လှူမှာဖြစ်ပြီး နံနက် ၇ နာရီမှစတင်ကာ နန်းဦးတန်ဆောင်းတွင် အဘိဓမ္မာအခါတော်နေ့ဆိုင်ရာ အဘိဓမ္မာခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ခြင်း၊ မေတ္တာဘာဝနာပွားများခြင်း စတဲ့ အစီအစဉ် များကို ပြုလုပ်သွားရန် ပြင်ဆင်ထားရှိထားပါတယ်။ ဒါ့အပြင် ညနေပိုင်းမှာတော့ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ကြီးရှိ တိုးချဲ့ဓမ္မရင်ပြင်တွင် ဆီမီး ၉,၀၀၀ ထွန်းညှိပူဇော်ပွဲကို ကျင်းပသွားမှာဖြစ်သလို ရဟန်း/ရှင်လူ ပြည်သူများအနေနဲ့လည်း ကုသိုလ်ပြုပါဝင်နိုင်ကြောင်း သိရပါတယ်။(NVS 004)

08 Oct

ADVERTISE HERE .