“အရိယဝံသ မိုးကုတ်ဝိပဿနာမဂ္ဂင်ရိပ်သာမှကြီးမှူး၍ သံဃာပဝါရဏာပွဲနှင့် သိမ်ဆင်းလောင်းပွဲ ကျင်းပမည်”

08 Oct

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စု ထန်းသုံးပင်ရွာရှိ အရိယဝံသ မိုးကုတ် ဝိပဿနာမဂ္ဂင်ရိပ်သာမှကြီးမှူး၍ သံဃာပဝါရဏာပွဲနှင့် သိမ်ဆင်းလောင်းလှူပွဲကို သီတင်းကျွတ်လပြည့်နေ့မှာ အဆိုပါ ရိပ်သာရှိ ဝိသုံဂါမသိမ်တော်မင်္ဂလာကြီးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ သံဃာပဝါရဏာပွဲနှင့် သိမ်ဆင်းလောင်းလှူပွဲကို အရိယဝံသမိုးကုတ်ဝိပဿနာဆရာတော်နှင့် မဂ္ဂင်ဓမ္မ ရိပ်သာညောင်ပင်ကြီးဆရာတော်တို့၏ ဩဝါဒခံယူကာ ကျင်းပသွားမှာဖြစ်ပြီး သိမ်ဆင်းလောင်းလှူပွဲတွင် စဉ့်ကိုင် မြို့နယ် ညောင်ပင်ကြီးကျေးရွာ၊ သပြေရိုးကျေးရွာ၊ ရွာဟောင်းကုန်းကျေးရွာ၊ တအုံကေးကျေးရွာအုပ်စုနှင့် အရိယဝံသ မိုးကုတ် ဝိပဿနာမဂ္ဂင်ဓမ္မရိပ်သာအနီးပတ်ဝန်းကျင်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်အပါး ၁၉ဝ တို့အားပင့်ဖိတ်ပြီး ဆွမ်းဆက်ကပ်ကာ နဝကမ္မအလှူတော်ငွေနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လောင်းလှူမှာဖြစ်ပါတယ်။ ယခုနှစ်မှာ ကျင်းပပြုလုပ်မယ့် သံဃာပဝါရဏာပွဲနှင့် သိမ်ဆင်းကြမည့်ဆရာတော်များကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်လောင်းလှူလိုကြတဲ့ တပည့်ဒါယကာ၊ ဒါယိကာမများ၊ အလှူရှင်များအနေနဲ့ ရိပ်သာအကျိုးဆောင်အဖွဲ့သို့ သီတင်းကျွတ်လဆန်း ၁၄ ရက်နောက်ဆုံးထားပြီး ဆက်သွယ် စာရင်းပေးနိုင်ကြောင်း သိရပါတယ်။(NVS 004)

08 Oct

ADVERTISE HERE .