“ပြည်ပမှ ဝယ်ယူမှုများပြားလာမှုကြောင့် ကုလားပဲ(929) များ အရောင်းအဝယ်ကောင်းနေ”

08 Oct

ပြည်ပမှဝယ်ယူမှုများပြားမှုကြောင့် မန္တလေးဈေးကွက်အတွင်းမှာ ကုလားပဲ(929)များ အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)မှ သိရပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း ဝယ်ယူမှုအများဆုံးနှင့် အရောင်းအဝယ်အကောင်းဆုံး ကုလားပဲ အမျိုးအစားများ ထဲမှ ကုလားပဲ(929)မှာလည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုလက်ရှိ မန္တလေးဈေးကွက်အတွင်း၌ ကုလားပဲ(929)ကို ကုန်သည်များဝယ်ယူမှု ပြန်လည်များပြားလျက်ရှိနေပါတယ်။ အခုလို ပြည်ပမှဝယ်ယူမှုများပြားနေခြင်းကြောင့် မန္တလေးဈေးကွက်အတွင်း လက်ရှိကုလားပဲ(929) ဈေးနှုန်း မှာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၉၅,၀၀၀ အထိ ဈေးရရှိနေပါတယ်။ ပြည်တွင်းမှ ထွက်ရှိတဲ့ ကုလားပဲကို ပြည်ပသို့ တင်ပို့ရာတွင် နှစ်စဉ်ပျမ်းမျှတန်ချိန် လေးသောင်းခန့်ရှိပြီး အိန္ဒိယ၊ ပါကစ္စတန်၊ စင်ကာပူ၊ ကိုရီးယား၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ အများဆုံးတင်ပို့လျက် ရှိကြောင်းသိရပါတယ်။ မြန်မာနိုင်ငံတွင် ကုလားပဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရပါတယ်။ (NVS 004)

08 Oct

ADVERTISE HERE .