“ပြည်တွင်း၊ ပြည်ပခရီးသွား လက်ဆွဲပန်းချီဝါသနာရှင်များအတွက် ဒီဇိုင်းအသစ်အဆန်းများဖြင့် ဝန်ဆောင်မှုပေးရန် ပြင်ဆင်ထား”

07 Oct

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် သီတင်းကျွတ်ပွဲတော်ကာလအတွင်းမှာ ပြည်တွင်း၊ ပြည်ပခရီးသွား လက်ဆွဲပန်းချီဝါသနာရှင်များအတွက် အထင်ကရဘုရား၊ စေတီများအနီးရှိ ထနောင်းပင်ရိပ်တို့တွင် ဒေသခံ လက်ဆွဲ ပန်းချီပညာရှင်များက ပုဂံယဉ်ကျေးမှုရိုးရာ ကနုတ်ပန်းပုံများ၊ လူငယ်အကြိုက်ခေတ်မီပုံများနှင့် ပုဂံအလှနှင့် လိုက်ဖက်ညီ တဲ့ လက်ဆွဲပန်းချီဒီဇိုင်းအသစ်အဆန်းများဖြင့် ဝန်ဆောင်မှုပေးရန် ပြင်ဆင်ထားရှိကြောင်း သိရပါတယ်။ သီတင်းကျွတ်ပွဲတော်ကာလသည် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် နိုင်ငံတစ်ဝန်းမှ ခရီးသွားများ လာရောက်လည်ပတ်ကြလေ့ရှိပြီး သီတင်းကျွတ်အဖိတ်နေ့၊ လပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်နေ့တွင် အထူးစည်ကား ပြီး ဟိုတယ်နှင့်တည်းခိုခန်းများ လူများအပြည့်တည်းခိုကာ ဒေသခံများအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်း ပွင့်လန်း လေ့ရှိတဲ့ ရာသီအလိုက် ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ လက်ဆွဲပန်းချီ ကနုတ်ပန်းတစ်ခုလျှင် ငွေကျပ် ၁,၅၀၀ မှ ၃၀,၀၀၀ အထိဈေးရှိပြီး အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူငယ်ပါမကျန် လက်နှင့်လက်မောင်းတစ်လျှောက် လက်ဆွဲပန်းချီရေးဆွဲမှုကို နှစ်သက်ကြလေ့ရှိရာ ခရီးသွားများ အကြိုက် နှစ်သက်ရာပုံကို ရေးဆွဲပေးလျက်ရှိပါတယ်။ ပုဂံဒေသမှာ နှစ်ပေါင်း ၁၀ နှစ်ခန့်သက်တမ်းရှိတဲ့ လက်ဆွဲပန်းချီ လုပ်ငန်းတွင် ပုဂံယဉ်ကျေးမှုနယ်မြေတစ်ဝန်းရှိ လက်ဆွဲပန်းချီရေးဆွဲသူ ၁၀၀ ကျော်မှ နှစ်စဉ် ပြည်တွင်း၊ ပြည်ပ ခရီးသွား များအား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

07 Oct

ADVERTISE HERE .