“(၁၆)ကြိမ်မြောက် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် ကားအရောင်းပြပွဲကျင်းပ”

07 Oct

Myanmar House နှင့် Cars DB တို့မှ ကြီးမှူးကျင်းပခဲ့တဲ့ (၁၆)ကြိမ်မြောက် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေ နှင့် ကားအရောင်းပြပွဲကို အောက်တိုဘာလ ၅ ရက်က ရန်ကုန်မြို့၊ ပြည်လမ်းရှိ LOTTE Hotel မှာ ဖွင့်ပွဲအနေနဲ့ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရပါတယ်။ ပြပွဲမှာ အိမ်ခြံမြေချစ်သူများအတွက် နာမည်ကြီးဆောက်လုပ်ရေး ကုမ္ပဏီပေါင်းများစွာမှ ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲတိုက်ခန်း၊ ကွန်ဒိုနှင့် LUXURY ကွန်ဒိုများ၊ မြေကွက်သီးသန့် ဝယ်လိုသူများအတွက် ခိုင်မာတဲ့ မြေကွက်များ၊ လုံးချင်းအိမ်များ၊ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အိမ်ခြံမြေများနှင့် တန်ဖိုးသင့်တိုက်ခန်းများအပြင် နာမည်ကြီးကား အမှတ်တံဆိပ်များစွာနှင့် Showroom များမှ ကားအမျိုးအစားများစွာကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ရန် စီစဉ် ဆောင်ရွက်ပြသပေးထားပါတယ်။ ပြပွဲအတွင်းမှာ ရောင်းချပေးထားတဲ့ အိမ်ခြံမြေနှင့် ကားများဝယ်ယူရာတွင် အတိုးမဲ့အရစ်ကျစနစ်များ၊ အထူး လျှော့ဈေးနှုန်းများ၊ ဘဏ်ချေးငွေများ၊ အကောင်းဆုံးငွေချေစနစ်များ၊ နှစ်ရှည်အရစ်ကျစနစ်များ ခိုင်မာမှုရှိသည့် စာချုပ် စာတမ်းများနှင့် စိတ်ချလက်ချဝယ်ယူနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံသားတိုင်း အိမ်ရောကားပါ ပိုင်ဆိုင်နိုင်ကြရန် ရည်ရွယ်ပြီး ရောင်းချပေးခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် ကားအရောင်းပြပွဲတွင် ကုမ္ပဏီပေါင်း ၃၀ ကျော်မှ အိမ်ခြံမြေနှင့် ကားများကို အောက်တိုဘာလ ၅ ရက်မှ ၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ပြသရောင်းချပေးခဲ့ကြောင်း သိရပါတယ်။ (NVS-004)

07 Oct

ADVERTISE HERE .