ကုန်ဈေးနှုန်းသတင်း ၇.၁၀.၂၀၂၄

07 Oct

အောက်တိုဘာလ ၇ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ကြက်သွန်ဖြူဈေးတွေ အနည်းငယ် မြင့်တက်လာပြီး ပဲစင်းငုံနီနဲ့ ကြက်သွန်နီဈေးကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ ထန်းလျက်နဲ့ သကြားဈေးတွေ ဈေးငြိမ်နေပေမယ့် အာလူးဈေးကတော့ အနည်းငယ် တက်လာ ပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၂၃,၁၇၁ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၃၆,၀၂၈ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၆,၃၉၀ ကျပ်ကနေ ၆,၄၂၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၄၀,၆၂၈ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၅,၈၅၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၇၅၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၆၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၆၀ ကျပ်ကနေ ၁,၆၈၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာ ကို ၆,၀၀၀ ကျပ်ကနေ ၆,၃၃၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာ ကို ၆,၃၁၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၆၆၅ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၂၅ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၇,၆၇၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာ ကို ၆,၆၆၅ ကျပ်ကနေ ၇,၃၃၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၄၀၀ ကျပ်ကနေ ၂,၄၅၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၁၇,၅၀၀ ကျပ်ကနေ ၁၇,၈၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၉၀၀ ကျပ်ကနေ ၆,၈၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၆၅၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၆,၅၀၀ ကျပ်ကနေ ၆,၇၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ်၊ ငါးမီးတံသွယ် ၇,၀၀၀ ကျပ် ဖြစ်ပေါ်နေပါ တယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၆၂၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၄,၆၅၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၃,၅၃၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၉၅၅ ကျပ်၊ မန္တလေးမှာ ၃,၀၃၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၁၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၁၅၀ ကျပ်၊ မန္တလေးမှာ ၃,၂၃၀ ကျပ်၊ နေပြည်တော်မှာ ၃,၂၀၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၇၀ ကျပ်၊ မန္တလေးမှာ ၂,၆၅၀ ကျပ်၊ နေပြည်တော်မှာ ၂,၆၂၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၁၉၀ ကျပ်၊ မန္တလေးမှာ ၃,၂၇၀ ကျပ်၊ နေပြည်တော်မှာ ၃,၂၄၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၃၉၁,၇၅၁/-) ငါးဆယ် သုံးသိန်း ကိုးသောင်း တစ်ထောင် ခုနစ်ရာ ငါးဆယ် တစ်ကျပ်ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၃၅၀,၀၀၀ိ/-) ခြောက်ဆယ် သုံးသိန်း ငါးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။ k -

07 Oct

ADVERTISE HERE .