“အနာဂတ်အကြောင်း ပြောရမယ့်အချိန်မဟုတ်သေးဘူးလို့ဆိုတဲ့ ဂွါဒီယိုလာ”
07 Octမန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က လက်ရှိအချိန်မှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ပြောရမယ့် အချိန်မဟုတ်သေးဘူးလို့ ရှင်းပြသွားခဲ့ပါတယ်။ စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်က အခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်အထိ စာချုပ်သစ်နဲ့ပတ်သက်လို့ ဘာသတင်းမှ ထွက်မလာသေးတာ ဖြစ်ပါတယ်။ ဂွါဒီယိုလာ ကတော့ မန်စီးတီးအသင်းဟာ သူ့ရဲ့နှလုံးသားထဲမှာ စွဲမြဲစွာရှိနေတဲ့အသင်းဖြစ်ပြီး လက်ရှိအချိန်မှာ အသင်းနိုင်ပွဲတွေရရှိဖို့ပဲ အာရုံစိုက်ထားတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ တစ်ဖက်မှာတော့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ဘဏ္ဍာရေးချိုးဖောက်မှုတွေနဲ့ စွဲချက်တင်ခံထားရပြီး ဂွါဒီယိုလာ အနေနဲ့အခြေအနေကို စောင့်ကြည့်ပြီးမှ အနာဂတ်ကို ဆုံးဖြတ်သွားဖို့ရှိနေတာကြောင့် အခုလိုမျိုး အချိန်ဆွဲနေတာ ဖြစ်တယ်လို့ ပြောကြားမှုတွေ ရှိနေပါတယ်။ မန်စီးတီးအသင်းအနေနဲ့ စွဲချက်တင်ခံရမှုကနေ အပြစ်ရှိတယ်ဆိုရင် အမှတ်လျှော့ပြစ်ဒဏ်(သို့မဟုတ်) တန်းဆင်းပြစ်ဒဏ်တစ်ခုခုနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတာကြောင့် ဖြစ်ပါတယ်။ (NVS 008)