“ကျိုက္ခမီရေလယ်ဘုရားဆွမ်းအိုးမျှောပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှာ စည်ကားသိုက်မြိုက်စွာကျင်းပမည်”

07 Oct

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဘုရားမှာ အောက်တိုဘာလ ၁၇ ရက် (သီတင်းကျွတ်လပြည့်) နံနက် ၃ နာရီအချိန်တွင် ဆွမ်းအိုးမျှောပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွား မည်ဖြစ်ရာ ရပ်ဝေး/ရပ်နီးရှိ ဆွမ်းအိုးမျှောသူများအနေနဲ့ မိမိတို့အစီအစဉ်ဖြင့် လာရောက်ကာ ဆွမ်းအိုးမျှောပွဲတော်မှာ ပါဝင်နိုင်ကြောင်း ဘုရားပွဲတော်ကျင်းပရေးကော်မတီက အသိပေးထားပါတယ်။ ဒါ့အပြင် နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို တစ်ဆက်တည်းကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အောက်တိုဘာလ ၁၁ ရက်မှ အောက်တိုဘာလ ၁၅ ရက်အထိ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို သာသနာ့ ဗိမာန်တော်ကြီးမှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့ နံနက် ၈ နာရီချိန်မှာ သာသနာ့ ဗိမာန်တော်ကြီးတွင် အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ကျင်းပပြုလုပ်သွားမယ်လို့ အသိပေးထားပါတယ်။ (NVS 003)

07 Oct

ADVERTISE HERE .