“သီတင်းကျွတ်လပြည့်နေ့အတွက် ကျိုက်ထီးရိုးစေတီတော်ရှိ တောင်တက်မော်တော်ယာဉ်များကို ကြံ့ခိုင်မှု ပြင်ဆင်နေ”

07 Oct

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျိုက်ထီးရိုးစေတီတော်မှာ သီတင်းကျွတ် လပြည့်နေ့ ဘုရားဖူးများ ဖူးမြော်နိုင်ရန် ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်များကို ကြံ့ခိုင်မှုများရှိစေရန်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားပွဲတော်ဖွင့်ပွဲကို သီတင်းကျွတ်လပြည့်နေ့မှာ စည်ကားသိုက်မြိုက်စွာကျင်းပမှာ ဖြစ်ပြီး ကျိုက်ထီးရိုးဘုရားသို့ပို့ဆောင်ပေးမည့် တောင်တက်မော်တော်ယာဉ်များ ကြံ့ခိုင်မှုရှိ/မရှိ စစ်ဆေးမှုကို ဘုရားသုံးဆူထိုင်တော်မူဘုရားတောင်ခြေမှာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အခုလို ပြုလုပ်လျက်ရှိရာမှာ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနအပါအဝင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တောင်တက်မော်တော်ယာဉ်အသင်းအဖွဲ့ဝင်များတို့မှ တွေ့ဆုံညှိနှိုင်းခဲ့ပြီး ဘုရားဖူး ပြည်သူများအန္တရာယ်ကင်းရှင်းစွာနဲ့ စိတ်ချမ်းသာစွာဖူးမြော်နိုင်ရန် စစ်ဆေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိတွင် ယခုနှစ် သီတင်းကျွတ်ရုံးပိတ်ရက်များမှာ သွားလာရ လွယ်ကူတဲ့ ပုဂံနှင့် ချောင်းသာအပါအဝင် ကျိုက်ထီးရိုးကို သွားရောက်ရန်အတွက် ခရီးစဉ်များ ကြိုတင်စုံစမ်းမှုများပြားနေတယ်လို့ ခရီးသွားလုပ်ငန်းများကနေ သိရပါတယ်။ (NVS 003)

07 Oct

ADVERTISE HERE .