အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြတာဝန်ကို ဆောင်ရွက်လိုကြောင်း ပြောခဲ့တဲ့ လမ်းပတ်

06 Oct

ချဲလ်ဆီးအသင်းရဲ့ နည်းပြဟောင်း လမ်းပတ် က အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြတာဝန်ကို လက်ရှိအချိန်မှာ လီကာစလေ က ယာယီနည်းပြအဖြစ် ဆောင်ရွက်နေပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ နည်းပြသစ်ခန့်အပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အင်္ဂလန် အသင်းနည်းပြသစ် လျာထားစာရင်းမှာ ပါဝင်နေသူတစ်ဦးဖြစ်တဲ့ လမ်းပတ် က အင်္ဂလန်နည်းပြရာထူးကို ငြင်းပယ်ခြင်းမရှိဘဲ တာဝန်ယူဆောင်ရွက်လိုကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ အသက် ၄၆ နှစ်အရွယ် လမ်းပတ် အနေနဲ့ ကစားသမားဘဝမှာ ချဲလ်ဆီးအသင်းနဲ့အတူ အောင်မြင်မှုများစွာ ရရှိခဲ့သော်လည်း နည်းပြဘဝမှာ ရုန်းကန်နေရတာဖြစ်ပါတယ်။ နည်းပြဘဝကို ၂၀၁၈ ခုနှစ်မှာ ဒါဘီအသင်းကို ကိုင်တွယ်ကာစတင်ခဲ့ပြီး ချဲလ်ဆီးနှင့် အဲဗာတန်အသင်းတို့ကို ပြောင်းလဲကိုင်တွယ်ခဲ့ပါတယ်။ (NVS 008)

06 Oct

ADVERTISE HERE .