ဒဏ်ရာကြောင့် ပြင်သစ်လက်ရွေးစင်အသင်းတွင် ပါဝင်ခြင်းမရှိတဲ့ အမ်ဘာပေ
06 Octတိုက်စစ်ကစားသမား အမ်ဘာပေ အနေနဲ့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကစားရမယ့် နေးရှင်းလိဂ် ပြိုင်ပွဲတွင် ပေါင်ကြွက်သားဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်ကြောင်း နည်းပြ ဒက်ချမ့် က ပြောကြားခဲ့ပါတယ်။ အမ်ဘာပေ ဟာ လာလီဂါပြိုင်ပွဲ ရီးရဲလ်နဲ့ အလာဗက်အသင်းတို့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် သုံးပတ်ခန့်အနားယူရမယ်လို့ ထုတ်ပြန်ထားပြီး အေတီကိုအသင်းနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ခြင်းမရှိပေမယ့် လိုင်လီ အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာကသက်သာခဲ့လို့ လူစာရင်းမှာပါဝင်လာခဲ့ပြီး ဒုတိယပိုင်းမှာ ပါဝင်ကစားခဲ့ ပါသေးတယ်။ ပြင်သစ်အသင်းနည်းပြ ဒက်ချမ့် အနေနဲ့ ကစားသမားရဲ့ ကြံ့ခိုင်မှုလိုအပ်ချက်ကြောင့် ဒဏ်ရာအရှင်း ပျောက်ကင်းစေရန်အတွက် နေးရှင်းလိဂ်ပြိုင်ပွဲကစားမည့် အသင်းလူစာရင်းမှ ထုတ်ပယ်ခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်မှာကစားမယ့် ဘယ်လ်ဂျီယံအသင်းနဲ့ပွဲစဉ်မှာ ပါဝင်နိုင်မှာမဟုတ်ကြောင်း အတည်ပြုထုတ်ပြန်ထားပါတယ်။(NVS 008)