လီဗာပူးလ်အသင်းနဲ့ အနာဂတ်မရေမရာဖြစ်နေတဲ့ ဆာလတ် ကို ‌ခေါ်ယူရန်ပြင်ဆင်နေတဲ့ ပီအက်စ်ဂျီအသင်း

06 Oct

ပီအက်စ်ဂျီအသင်းက လာမည့်နွေရာသီကစားသမားအပြောင်းအရွှေ့မှာ လီဗာပူးလ်အသင်းနဲ့ အနာဂတ် မရေမရာဖြစ်နေတဲ့ တိုက်စစ်ကစားသမား ဆာလတ် ကိုခေါ်ယူရန် ပြင်ဆင်နေတာဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဆာလတ် အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရိုးမားအသင်းမှ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနဲ့အတူ ဘောလုံးရာသီတိုင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့ကာ ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလားနဲ့ ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့ရာမှာ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ လီဗာပူးလ်အသင်းနဲ့ ဆာလတ် တို့ရဲ့ စာချုပ်သက်တမ်းမှာ ယခုနှစ်ဘောလုံးရာသီအကုန် လာမည့် ၂၀၂၅ ခုနှစ် ဇွန်လအကုန်တွင် ကုန်ဆုံးမှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိသေးဘဲ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရဖွယ်ရှိနေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းကလည်း အသင်းမှ တိုက်စစ်ကစားသမား အမ်ဘာပေ ထွက်ခွာသွားခဲ့ပြီးနောက် ထိပ်တန်းကစားသမားတစ်ဦးကို အစားထိုးနိုင်ခြင်း မရှိသေးတဲ့အတွက် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ဆာလတ် ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် တစ်နှစ်လုပ်ခ ယူရို ၂၅ သန်းမှ သန်း ၃၀ ကြားပေးချေပြီး ခေါ်ယူရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ (NVS 008)

06 Oct

ADVERTISE HERE .