ရန်ကုန်-မန္တလေး ရထားခရီးစဉ်ကို လူစီးအမြန်ရထားများအပြင် စာပို့ရထားများပါ ပြန်လည်ပြေးဆွဲနေ

06 Oct

ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ယာယီရပ်နားထားရသည့် ရန်ကုန်-မန္တလေးလူစီးအမြန်ရထားများနှင့် စာပို့ရထား ခရီးစဉ်များကို အောက်တိုဘာလ ၃ ရက်ကစတင်ပြီး ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရပါတယ်။ ယာဂီမုန်တိုင်း၏ နောက်ဆက်တွဲကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရန်ကုန်-မန္တလေးရထားလမ်းမကြီး ရထားလမ်း တာပေါင်နေရာများ ရေတိုက်စားကာ ပျက်စီးခဲ့သောကြောင့် စက်တင်ဘာလ ၁၁ ရက်တွင် ခရီးစဉ်များ ယာယီရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ သဲတော-သပြေတောင်းအကြား အဆန်လမ်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကာ ရန်ကုန်-မန္တလေး ခရီးစဉ် အမှတ်(၁၁)အဆန်၊ အမှတ်(၁၂) အစုန်လူစီးအမြန်ရထားများနှင့် အမှတ်(၁)အဆန်၊ အမှတ်(၂)အစုန် စာပို့ရထား ခရီးစဉ် များကိုပါ မူလပြေးဆွဲချိန်များအတိုင်း ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်-မန္တလေး၊ မန္တလေး-ရန်ကုန် ကုန်ရထားများကိုလည်း အောက်တိုဘာလ ၄ ရက်ကစတင်ကာ ပုံမှန်ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။(NVS 003)

06 Oct

ADVERTISE HERE .