ဂါနာချို ကို ဥရောပထိပ်သီးအသင်းများ စောင့်ကြည့်နေ
05 Oct
မန်ယူအသင်းမှ အာဂျင်တီးနားတောင်ပံကစားသမား ဂါနာချို ကို ဥရောပထိပ်သီးကလပ်အသင်းများက စောင့်ကြည့်နေကြောင်း သိရပါတယ်။ အသက် ၂၀ အရွယ် ဂါနာချို ဟာ မန်ယူအကယ်ဒမီထွက် လူငယ် ကစားသမားတစ်ဦးဖြစ်ပြီး မန်ယူအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိထားသူလည်းဖြစ်ပါတယ်။ ဂါနာချို အနေနဲ့ ပြီးခဲ့တဲ့နှစ်များအတွင်း မန်ယူအသင်းနှင့်အတူ ထင်ပေါ်လာသူဖြစ်ပြီး ယခုရာသီမှာ အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရတဲ့အတွက် ပြိုင်ဘက်အသင်းများက စောင့်ကြည့်နေကြခြင်းဖြစ်ပြီး ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်အသင်းတို့က ၎င်းကို ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရပါတယ်။ လက်ရှိမှာ မန်ယူအသင်းအနေနဲ့ ရလဒ်များဆိုးရွားနေပြီး ရုန်းကန်နေရခြင်းကြောင့် ဂါနာချို ရဲ့ အနာဂတ် ကလည်း မရေမရာဖြစ်နေကြောင်း သိရသည်။ ဂါနာချို အနေနဲ့ ယခုရာသီမှာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲကစားပြီး ၄ ဂိုး သွင်းယူထားနိုင်ပါတယ်။ (NVS 008)