စီးရီးအေအသင်းများက သောမတ်စ်ပါတေးကို ခေါ်ယူရန် စိတ်ဝင်စား
05 Octစီးရီးအေထိပ်သီးအသင်းများဖြစ်တဲ့ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတို့က အာဆင်နယ်ကွင်းလယ် ခံစစ်ကစားသမား သောမတ်စ်ပါတေး ကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဂါနာလက်ရွေးစင်ကွင်းလယ်ကစားသမား သောမတ်စ်ပါတေး ဟာ လာမည့်နွေရာသီမှာ အာဆင်နယ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်လို့ ၂၀၂၅ နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် အသင်း ပြောင်းရွှေ့နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတို့က လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည့် အသက် ၃၁ နှစ်အရွယ် ပါတေး ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေကြခြင်းတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ကြံ့ခိုင်မှုကျဆင်းလာပြီဖြစ်တဲ့ ပါတေးကို သက်တမ်းတိုးဖွယ်မရှိတော့ဘဲ လာမည့်နွေရာသီမှာ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ဖွယ်ရှိနေကြောင်းလည်း သိရပါတယ်။ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတို့အပြင် ဆော်ဒီကလပ်များကလည်း ပါတေး ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။ (NVS 008)