“ဂရင်းဝုဒ် ကို ယူရိုသန်း ၆၀ နဲ့ ခေါ်ယူဖို့စီစဉ်နေတဲ့ ဘာစီလိုနာအသင်း”
04 Octဘာစီလိုနာအသင်းက လာမယ့် ၂၀၂၅ နွေရာသီအပြောင်းအရွှေ့ကာလမှာ မာဆေးလ်အသင်းမှ အင်္ဂလန် တိုက်စစ်မှူး မေဆင် ဂရင်းဝုဒ် ကို ယူရိုသန်း ၆၀ နဲ့ ခေါ်ယူရန် စီစဉ်နေတယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိ ဂရင်းဝုဒ် အနေနဲ့ ပြီးခဲ့တဲ့နွေရာသီကမှ မန်ယူအသင်းမှ မာဆေးလ်အသင်းထံသို့ အပိုဆုကြေးအပါအဝင် ယူရို ၃၁ ဒသမ ၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ဂရင်းဝုဒ် ဟာ ယခုရာသီအစတွင် မာဆေးလ်အသင်းမှာ ခြေစွမ်းပြနေပြီး ပွဲစဉ် ၆ ပွဲကစားရာမှာ ၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ဂရင်းဝုဒ် ကိုခေါ်ယူရန် ယခင်ကတည်းကစိတ်ဝင်စားခဲ့ပြီး လာမယ့် ၂၀၂၅ နွေရာသီမှာ ခေါ်ယူ နိုင်ဖို့ ဆန္ဒပြင်းပြနေတာ ဖြစ်ပါတယ်။ (NVS 008)
04 Oct