“ယူရိုပါလိဂ်မှာ သရေတစ်မှတ်စီ ခွဲယူလိုက်ရတဲ့ ပေါ်တိုနှင့် မန်ယူအသင်း”

04 Oct

မနေ့က ကစားခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ပေါ်တိုအသင်းနဲ့ မန်ယူအသင်းတို့ပွဲစဉ်မှာ တစ်ဖက် ၃ ဂိုးစီနဲ့ သရေရလဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ မန်ယူအသင်းဟာ အိမ်ရှင်ပေါ်တိုအသင်းကို အကောင်းဆုံးပုံစံများနဲ့ ဖိအားပေးကစားခဲ့ပေမယ့် အိမ်ရှင် ပေါ်တို အသင်းက အိမ်ရှင်ပီပီ ပြန်လည်တုံ့ပြန်ကစားနိုင်ခဲ့တာကြောင့် အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေရလဒ်ဖြစ်ပေါ် ခဲ့ပါတယ်။ ပွဲချိန်အစောပိုင်း ၇ မိနစ်မှာ ရက်ဖို့ဒ် က မန်ယူအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ပွဲချိန် ၂၀ မှာတော့ ဟွိုက်လန်း က တစ်ဂိုးထပ်မံသွင်းယူပေးခဲ့ပါတယ်။ ပေါ်တိုအသင်းက မန်ယူအသင်းရဲ့အမှားတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့တာကြောင့် ပွဲချိန် ၂၇ မိနစ်နှင့် ၃၄ မိနစ်မှာ ချေပဂိုးများ ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ပထမပိုင်း ပွဲပြီးဆုံးချိန်မှာ ပေါ်တိုအသင်းနှင့် မန်ယူအသင်းတို့ တစ်ဖက်နှစ်ဂိုးစီနဲ့ သရေလဒ် ဖြစ်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်မှာတော့ အပြန်အလှန်ဖိအားပေးကစားခဲ့ကြပြီး ပွဲချိန်မိနစ် ၅၀ မှာ ပေါ်တိုအသင်းက ဦးဆောင်ဂိုး ပြန်လည်ရရှိခဲ့ကာ ပွဲကစားချိန်ပြီးဆုံးခါနီးအထိ အိမ်ရှင်ပေါ်တိုအသင်းက မန်ယူအသင်းကို ၃ ဂိုး၊ ၂ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ မန်ယူအသင်းအတွက် အရေးကြီးတဲ့ ချေပဂိုးကို မန်ယူအသင်းနောက်ခံလူ မက်ဂွဲယား က ပွဲချိန် ၉၁ မိနစ်မှာ ခေါင်းတိုက်သွင်းယူပေးခဲ့တာကြောင့် မန်ယူအသင်းက ရမှတ်တစ်မှတ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

04 Oct

ADVERTISE HERE .