“ဖိလစ်ပိုင်က FA-50 တိုက်လေယာဉ်များအတွက် KAI နှင့် PBL စာချုပ်ချုပ်ဆိုမည်”
04 Octဖိလစ်ပိုင်နိုင်ငံက တောင်ကိုရီးယားမှ ကိုးရီးယားလေကြောင်းစက်မှုလုပ်ငန်း (KAI) နှင့်စွမ်းအင်အခြေခံ ထောက်ပံ့ပို့ဆောင်ရေး သဘောတူစာချုပ် (PBL) ကို ချုပ်ဆိုရန်ပြင်ဆင်နေပြီဖြစ်သည်။ ထိုကဲ့သို့သော စာချုပ်ကို ချုပ်ဆိုရန် ပြင်ဆင်ခြင်းသည် KAI အတွက် ပထမဆုံးဖြစ်သည့်အပြင် နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်စေမည့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်လာမည် ဖြစ်သည်။ စာချုပ်တန်ဖိုးမှာ ဝမ် ၂၇ ဘီလီယံရှိပြီး စာချုပ်ထဲတွင် KAI က ဖိလစ်ပိုင်၏ FA-50 တိုက်လေယာဉ်များအတွက် အပိုပစ္စည်းများ၊ စီမံခန့်ခွဲမှုစနစ်များနှင့် မရှိ မဖြစ်လိုအပ်သည့် ဝန်ဆောင်မှုများပေးအပ်ခြင်းတို့ ပါဝင်သည်။ လက်ရှိစာချုပ်သက်တမ်းမှာ တစ်နှစ်သာ ဖြစ်သော် လည်း ထိုစာချုပ်ကို အခြေခံ၍အနာဂတ်တွင် နှစ်များစွာကြာ သက်တမ်းရှိ အလားတူစာချုပ်ကို ချုပ်ဆိုနိုင်စေမည် ဖြစ်သည်။ FA-50 တိုက်လေယာဉ်သည် KAI က ထုတ်လုပ်သည့် အပေါ့စား တိုက်ခိုက်ရေးလေယာဉ်တစ်မျိုးဖြစ်သည်။ ၎င်းကို အသံထက်မြန်သော အဆင့်မြင့် လေ့ကျင့်ရေးနှင့်အပေါ့စား တိုက်ခိုက်ရေးလေယာဉ်တစ်စင်းအဖြစ် ကနဦး ဒီဇိုင်းရေးဆွဲထားသည့် T-50 Golden Eagle လေယာဉ်ဒီဇိုင်းမှ ဆင်းသက်လာြခင်း ဖြစ်သည်။ FA-50 တိုက်လေ ယာဉ် ကို တောင်ကိုရီးယား၊ ပိုလန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့်ထိုင်းနိုင်ငံတို့က အသုံးပြုနေပြီး ၎င်း၏ စွမ်းဆောင်ရည်မှာ နောက်ဆုံးတိုက်လေယာဉ်များနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း AR သတင်းဌာန ဖော်ပြချက် အရ သိရသည်။