“ကမ္ဘာအေးဘုရားလမ်းပေါ်တွင် သွယ်တန်းထားသော ဓာတ်ကြိုးများနှင့် ကွန်တိန်နာယာဉ်တစ်စီး ချိတ်မိပြီး ဓာတ်တိုင် ၅ တိုင်ပြိုလဲခဲ့ကာ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်”

04 Oct

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းမပေါ်တွင် အောက်တိုဘာလ ၃ ရက် မွန်းလွဲပိုင်းက ကွန်တိန်နာယာဉ်တစ်စီးမောင်းနှင်လာစဉ် ကမ္ဘာအေးဘုရားလမ်းမမှတ်တိုင်အနီးအရောက် သွယ်တန်း ထားသော လျှပ်စစ်ဓာတ်ကြိုးများနှင့်ချိတ်ဆွဲမိတဲ့ အရှိန်ကြောင့် စိုက်ထူသွယ်တန်းထားသော လမ်းဘေးရှိဓာတ်မီးတိုင် ၅ တိုင် ပြိုလဲကျခဲ့ပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် လမ်းပေါ်တွင် သွားလာနေသော မော်တော်ယာဉ်အချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ချော်တွင်းကုန်းမီးပွိုင့်ကနေ နဝဒေးမီးပွိုင့်အထိ ညနေ ၆ နာရီအထိ လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ လမ်းပိတ်ဆို့မှုများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းရေးများ လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ (NVS 004)

04 Oct

ADVERTISE HERE .