“မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံနန်းတော်ရာ၊ စန္ဒာမုနိဘုရား (၁၃၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းသပိတ်လောင်းလှူပွဲ ကျင်းပသွားမည်”

04 Oct

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေမှာ တည်ထားကိုးကွယ်ထားရှိတဲ့ မဟာလောက မာရဇိန်ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရား၏ (၁၃၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် ဆွမ်းသပိတ်လောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ ဆွမ်းသပိတ်လောင်းလှူပွဲကို မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား ပရဝဏ်အတွင်းမှာ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်၊ အောက်တိုဘာလ ၁၉ရက်(စနေနေ့)နံနက် ၇ နာရီမှာ သံဃာတော်အပါး ၂,၇ဝဝ အား ဆွမ်းသပိတ်လောင်းလှူသွားမှာဖြစ်ပြီး နံနက် ၉ နာရီခွဲ အချိန်မှာတော့ ရေစက်ချတရားနာယူသွားမှာဖြစ်ပါတယ်။ (NVS 004)

04 Oct

ADVERTISE HERE .