“မကွေးမြသလွန်စေတီတော်ကြီးတွင် (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်”

04 Oct

မကွေးမြို့ မြသလွန်စေတီတော်ကြီးတွင် (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လဆန်း ၁၀ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက်အထိ ရက်ပေါင်း ၂၀ ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။ မြသလွန်စေတီတော်တွင် ဗုဒ္ဓပူဇနိယပွဲတော်ကို ဘုရားပွဲဈေးအဖြစ် ဈေးရောင်းချလိုသူများအနေနဲ့ ဈေးဆိုင် ခန်းပေါင်း ၁,၀၀၀ ကျော် ခင်းကျင်းရောင်းချနိုင်အတွက် စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အနယ်နယ်အရပ်က ဘုရားဖူးပြည်သူများအတွက် အခမဲ့နားနေဆောင်များကို ရေ/မီးအပြည့်အစုံနဲ့ လူအယောက် ၁,၀၀၀ အတွက် စီစဉ် ပေးထားမှာ ဖြစ်ပါတယ်။ အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကာလမှာ အသံမစဲမဟာပဋ္ဌာန်းကျမ်းတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ပင့်သံဃာတော် အပါး ၁,၅၀၀ အား ဆွမ်းဆန်စိမ်းများလောင်းလှူခြင်း၊ သီတင်းကျွတ်လပြည့်နေ့ညမှာတော့ ဆီမီး ၉,၀၀၀၊ နံ့သာ ၉,၀၀၀၊ ပန်း ၉,၀၀၀ ဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ မကွေးမြသလွန်စေတီတော် ကြီးသို့ နေ့စဉ်ဘုရားဖူးဦးရေ ၈၀၀ မှ ၁,၀၀၀ အထိနေရှိပြီး လပြည့်နေ့နှင့် ဥပုသ်နေ့စတဲ့ အခါကြီးရက်ကြီးများမှာ ဘုရားဖူးဦးရေ ၄,၀၀၀ ခန့်အထိ လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

04 Oct

ADVERTISE HERE .