“မန္တလေးမြို့မှာ SME ယာယီမှတ်ပုံတင်လက်မှတ် ၉၀၀ ကျော်ထုတ်ပေးထား”

04 Oct

မန္တလေးတိုင်းဒေသကြီးအတွင်း ချေးငွေလျှောက်ထားရာမှာလိုအပ်တဲ့ SME ယာယီမှတ်ပုံတင်လက်မှတ် ၉၀၉ ခုကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကုန်အထိ ထုတ်ပေးနိုင်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနကနေ သိရပါတယ်။ ယာယီမှတ်ပုံတင်လက်မှတ်ကို အသေးစားလုပ်ငန်းအတွက် ၅၉၄ ခုနဲ့ အလတ်စားလုပ်ငန်းအတွက် ၃၁၅ ခု ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကနေ MSME လုပ်ငန်းရှင်တွေကို ချေးငွေတွေထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။ ထုတ်ချေပေးတဲ့ ငွေပမာဏမှာ အသေးစားလုပ်ငန်းအတွက် ငွေကျပ် ၁၀ သန်း၊ အငယ်စားလုပ်ငန်း အတွက် ငွေကျပ်သန်း ၅၀ နဲ့ အလတ်စားလုပ်ငန်းအတွက် ငွေကျပ်သန်း ၁၀၀ အထိ ထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နည်းပညာရရှိရေးတို့အတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ နည်းပညာ လွှဲပြောင်းပေးမှုများ၊ ကုန်ကြမ်းပစ္စည်းများရရှိရေး၊ ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြုနိုင်ရေးနဲ့ ဈေးကွက်ရရှိရေးတို့ အတွက် E-Market Platform တည်ထောင်ပေးတာတွေကို ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။ (NVS 003)

04 Oct

ADVERTISE HERE .