“သန်းခေါင်စာရင်းကောက်ယူမှုတွင် စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ပူး‌ပေါင်းပါဝင်ကြရန် နှိုးဆော်”

04 Oct

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်မှစတင်၍ စာရင်း ကောက်ယူလျက်ရှိရာ ကောက်ယူရရှိတဲ့အချက်အလက်များကို ရက်အလိုက် ညနေပိုင်းမှာ ဆာဗာသို့ပေးပို့တဲ့ စာရင်းများအရ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှာ အိမ်ထောင်စုပေါင်း ၈၈,၀၀၀ ကျော်နဲ့ လူဦး ရေပေါင်း ၃၉၀,၀၀၀ ကျော်ကို အောက်တိုဘာလ ၃ ရက်အထိ စာရင်းကောက်ယူခဲ့ပြီးဖြစ်တယ်လို့ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။ စာရင်းကောက်ယူရန် ကျန်ရှိနေတဲ့အိမ်‌ထောင်စုများကို ဆက်လက်ကောက်ယူသွားမှာဖြစ်ပြီး စာရင်း ကောက်ယူမည့်ရက်ကို ကြိုတင်အကြောင်းကြားပေးမှာဖြစ်ကာ စာရင်းထပ်ခြင်းနှင့် ကျန်ရှိခြင်းများမရှိအောင် စာရင်းကောက်ကွက်များဖွဲ့စည်းပြီး စာရင်းစစ်၊ စာရင်းကောက်များကို မြေပုံနှင့်တကွ တာဝန်ပေးအပ်ထားတာကြောင့် စာရင်းကောက်ယူရာတွင် ကျန်ရှိခြင်းများဖြစ်နိုင်ရန် အခွင့်အလမ်းနည်းပါးကြောင်း ပြောထားပါတယ်။ ကျန်ရှိခဲ့မှုများရှိပါက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီများ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီများသို့ ဆက်သွယ်လာပါက လာရောက်၍ စာရင်းကောက်ယူမှာ ဖြစ်ပြီး Hotline ဖုန်းနံပါတ်များဖြစ်တဲ့ ၀၆၇၄၃၁၀၆၄၊ ၀၆၇၄၁၅၃၉ နှင့် ၀၆၇၄၃၁၅၄၂ တို့ကို ဆက်သွယ်ပြီး သန်း‌ခေါင်စာရင်း လာ‌ရောက်ကောက်ယူနိုင်ရန် အကြောင်းကြားနိုင်တယ်လို့ သိရပါတယ်။ စာရင်းကောက်ယူရေးလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်နှင့် စာရင်းစစ်၊ စာရင်းကောက်များ ဘေးကင်းလုံခြုံစွာဖြင့် စာရင်းကောက်ယူနိုင်ရန် လုံခြုံရေးအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ဒါ့အပြင် သန်းခေါင်စာရင်းကို နိုင်ငံတစ်ဝန်း ပြည့်စုံစွာစာရင်းကောက်ယူနိုင်ရန် လုံခြုံရေးကန့်သတ်ချက်ရှိတဲ့ မြို့နယ်အချို့တွင် လုံခြုံရေအစီအမံများဖြင့် ရက်တိုးမြှင့်‌ဆောင်ရွက်သွားမှာဖြစ်လို့ စာရင်းစစ်၊ စာရင်း ကောက်များ၊ ပြည်သူများအနေနဲ့ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော် ထားပါတယ်။ (NVS 003)

04 Oct

ADVERTISE HERE .