“ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန် အသိပေး”

03 Oct

ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့်သူများအနေနဲ့ ဥပဒေနှင့်အညီမှတ်ပုံတင်ခြင်း၊ ပြည်ပအလုပ်အကိုင်အတွက် နိုင်ငံကူးလက်မှတ်(Passport for Job-PJ) လျှောက်ထားရယူခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ထားရယူခြင်းတို့မရှိဘဲ ပြည်ပအလည်အပတ်နိုင်ငံကူးလက်မှတ်(Passport for Visit-PV)ကိုသာ လျှောက်ထားရယူထားပြီး ပြည်ပအလုပ်အကိုင်ဗီဇာများရယူကာ လေကြောင်းခရီးဖြင့် ပြည်ပထွက်ခွာရန် ဆောင်ရွက် လျက် ရှိကြသဖြင့် သက်ဆိုင်ရာက လေဆိပ်တွင်စိစစ်သည့်အခါ သတ်မှတ်ချက်များနှင့်မကိုက်ညီသည့်အတွက် ပြည်ပသို့ ထွက်ခွာခွင့်မရခြင်းများကြောင့် လေယာဉ်လက်မှတ်ခအပါအဝင် အခြားသောကုန်ကျစရိတ်များ ဆုံးရှုံးရသည့်ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိပါတယ်။ ဒါ့ကြောင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများအနေဖြင့် မလိုလားအပ်တဲ့ ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ် စေရေးအတွက် အဆိုပါ သတ်ချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန် အလုပ်သမားဝန်ကြီးဌာနက အသိပေးထား ကြောင်းသိရပါတယ်။(NVS-004)

03 Oct

ADVERTISE HERE .