“အယူခံအောင်မြင်ခဲ့တဲ့ ဖာနန်ဒက်စ်”
03 Octမန်ယူအသင်းက စပါးအသင်းနှင့်ပွဲစဉ်မှ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ရဲ့ အနီကတ်ပြစ်ဒဏ်အတွက် အယူခံတင်သွင်းခဲ့ရာမှာ အယူခံအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က မန်ယူအသင်းနဲ့ စပါးအသင်းတို့ ပွဲစဉ်မှာ မန်ယူအသင်းအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ဟာ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဆိုပါပွဲစဉ်မှာ မန်ယူအသင်းဟာ အိမ်ကွင်း အိုးထရက်ဖို့ဒ် ကွင်းမှာ စပါးအသင်းကို ၃ ဂိုးပြတ်နဲ့ရှုံးခဲ့တာ ဖြစ်ပါတယ်။ အခုလို အယူခံအောင်မြင်ခဲ့တာကြောင့် မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ဟာ သုံးပွဲပယ်ပြစ်ဒဏ်မှ ကင်းလွတ်ခဲ့ပြီး လာမယ့် အက်စတွန်ဗီလာအသင်းနဲ့ ပွဲစဉ်မှာ ပြန်လည်ပြီး ပါဝင်ကစားခွင့် ရရှိတော့မှာဖြစ်ပါတယ်။ (NVS 008)
03 Oct