“လက်ရွေးစင်အဖြစ်မှ အနားယူမယ်လို့အတည်ပြုခဲ့တဲ့ အလက်ဇန်ဒရာပေါ့ပ်”

03 Oct

အသက် ၃၃ နှစ်အရွယ် ဂျာမနီအမျိုးသမီးတိုက်စစ်မှူး အလက်ဇန်ဒရာ ပေါ့ပ် ဟာ လက်ရွေးစင်ကစားသမား အဖြစ်ကနေ အနားယူသွားတော့မှာဖြစ်တယ်လို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်က အတည်ပြုလိုက်ပါတယ်။ ဂျာမနီအသင်း ခေါင်းဆောင် အလက်ဇန်ဒရာ ပေါ့ပ် အနေနဲ့ လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပွဲအဖြစ် အောက်တိုဘာလ ၂၈ ရက်မှာ ဩစတြီးယားအသင်းနဲ့ ပွဲကို ကစားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဂျာမနီ လက်ရွေးစင်သက်တမ်း ၁၄ နှစ်ကျော်ရှိတဲ့ ပေါ့ပ် အနေနဲ့ နိုင်ငံအသင်းနဲ့အတူ ယူရိုပြိုင်ပွဲ၊ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ အိုလံပစ်ပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ သူမဟာ ဂျာမနီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၄၄ ပွဲ ကစားပေးထားပြီး ၆၇ ဂိုး သွင်းယူပေးထားခဲ့တာဖြစ်ပါတယ်။ အခုလိုလက်ရွေးစင်ကစားသမားဘဝကနေ အနားယူလိုက်ပေမယ့် ပေါ့ပ်ဟာ ဂျာမနီကလပ် ဝုဖ်ဘတ် အမျိုးသမီးအသင်းနဲ့အတူ ကလပ်အသင်းကစားသမားဘဝအဖြစ် ဆက်လက်ယှဉ်ပြိုင်နေဦးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဂျာမနီအသင်းနဲ့ အမျိုးသမီးကမ္ဘာ့ဖလား ၄ ကြိမ်ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပေါ့ပ်ဟာ ၂၀၁၆ ရီယိုအိုလံပစ်မှာ ဂျာမနီအသင်းနဲ့အတူ ရွှေတံဆိပ်ရရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ (NVS 008)

03 Oct

ADVERTISE HERE .