“ယခုလအတွက် ထုတ်ပြန်သည့် ဓာတ်မြေဩဇာရည်ညွှန်းဈေးနှုန်း မြင့်တက်လာ”

03 Oct

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီက အောက်တိုဘာလ ၁ ရက်ကနေ ၃၁ ရက်ထိ သတ်မှတ်ထားတဲ့ ရန်ကုန်အထိုင်ဈေး ဓာတ်မြေဩဇာ ရည်ညွှန်းဈေးတွေထုတ်ပြန်ရာမှာ အရင်လထက် ဈေးနှုန်း တွေ မြင့်တက်လာတာကို တွေ့ရပါတယ်။ ရန်ကုန်အထိုင်ဈေး ဓာတ်မြေဩဇာ ရည်ညွှန်းဈေးတွေအနေနဲ့ ယူရီးယား မြေဩဇာ(အလုံးကြီး) ၅၀ ကီလို တစ်အိတ်ကို ၉၇,၀၀၀ ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလို တစ်အိတ်ကို ၁၂၄,၀၀၀ ကျပ်နဲ့ Di-Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်ကို ၁၃၇,၀၀၀ ကျပ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကထုတ်ပြန်တဲ့ ရည်ညွှန်းဈေးနဲ့နှိုင်းယှဉ်ရင် ယူရီးယားမြေဩဇာ(အလုံးကြီး) တစ်အိတ်ကို ၁၄,၀၀၀ ကျပ်၊ Rock Phosphate နဲ့ Ammonium Phosphate တစ်အိတ်ကိုတော့ ၉,၀၀၀ ကျပ်စီ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။ လက်ရှိထုတ်ပြန်လိုက်တဲ့ စျေးနှုန်းတွေဟာ ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်တွေအပေါ် မူတည်ပြီး စျေးနှုန်းအနည်းငယ်ပြောင်းလဲမှု ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်၊၊ ရည်ညွှန်းစျေးနှုန်းတွေနဲ့အညီ ရောင်းချခြင်းမရှိပါက ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီနဲ့ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းတွေကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ သိရပါတယ်၊၊ ( NVS 003)

03 Oct

ADVERTISE HERE .