“DEMU ရထားတွဲဆိုင်းအသစ်များဖြင့် ရန်ကုန်- ပဲခူး လမ်းပိုင်းပြေးဆွဲ”

03 Oct

ရန်ကုန်-ပဲခူးလမ်းပိုင်းတွင် DEMU အမှတ် (၁၅) အဆန်၊ အမှတ်(၁၆) အစုန်အဖြစ် ရထားတွဲဆိုင်းသစ်များဖြင့် အောက်တိုဘာလ ၂ ရက် ညနေပိုင်းက စတင်ပြေးဆွဲခဲ့ပြီး လိုက်ပါစီးနင်းသူ များပြားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါရထားစတင်ပြေးဆွဲတဲ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ ၁ ရက် မနက်ပိုင်းက ရန်ကုန် ဘူတာကြီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါရထားဟာ ရန်ကုန်ဘူတာကြီးကနေ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်မှာ ထွက်ခွာခဲ့ပြီး ပဲခူးဘူတာကို ည ၇ နာရီ ၁၅ မိနစ်ခန့်မှာ ရောက်ရှိမှာဖြစ်သလို ပဲခူးဘူတာကနေ မနက် ၆ နာရီခန့်မှာ ထွက်ခွာကာ ရန်ကုန်ဘူတာကြီးကို မနက် ၈ နာရီ၊ မိနစ်၂၀ ခန့်မှာ ရောက်ရှိမယ်လို့ သိရပါတယ်။ ရထားလက်မှတ်ခနှုန်းထားတွေကတော့ ရန်ကုန်ဘူတာကြီးကနေ ဒါးပိန်ဘူတာအထိ ၁,၃၀၀ ကျပ်၊ ဒါးပိန် ဘူတာကျော်ပါက ၂,၅၀၀ ကျပ် သတ်မှတ်ထားပြီး ကြားဘူတာ ၁၂ ဘူဝာာမှာ ရပ်တန့်ပေးသွားမှာ ဖြစ်တယ်လို့ သိရ ပါတယ်။ စပိန်နိုင်ငံက ဝယ်ယူထားတဲ့ DEMU ရထားတွဲဆိုင်းတွေကို ရန်ကုန်-ပဲခူး ခရီးစဉ်မှာ ပထမဆုံးအသုံးပြုတာ ဖြစ်ပြီး ရန်ကုန်မြို့ပတ်လမ်းပိုင်းမှာလည်း မကြာမီ အသုံးပြုဖွယ်ရှိတယ်လို့ သိရပါတယ်။ (NVS 003)

03 Oct

ADVERTISE HERE .