“မြစ်သားမြို့နယ်မှာ ပန်းလောင်မြစ်ရေမြင့်တက်ကာ ရေဝင်ရောက်မှုများဖြစ်ပေါ်နေ”

03 Oct

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အောက်တိုဘာလ ၂ ရက်မှာ ပန်းလောင်မြစ်ရေ မြင့်တက်လာခဲ့ကာ ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိတယ်လို့ မီးသတ်တပ်ဖွဲ့နှင့်ဒေသခံများကနေ သိရပါတယ်။ အခုလိုရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ ရွှေပေါ်ကျွန်းကျေးရွာသို့ ပိုမိုဝင်ရောက်နေတာကြောင့် ကျေးရွာ အတွင်း နေထိုင်သူများကို မြစ်သားမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ရေဘေး လွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရပါတယ်။ ပန်းလောင်မြစ်ရေမြင့်တက်လာခြင်းက မြို့နယ်အတွင်းရှိ ကင်းတားရေလှောင်တမံရဲ့ လက်ခံနိုင်တဲ့ ရေပမာဏထက်‌ ကျော်လွန်နေခြင်းကြောင့် ရေထိန်းတံခါး ၄ ပေါက်ကို ဖွင့်လှစ်ခဲ့ရတာဖြစ်တယ်လို့ ဒေသခံများရဲ့ ပြောကြားချက်အရ သိရပါတယ်။ အခုလိုရေထိန်းတံခါးများကို ဖွင့်လှစ်ခဲ့တာကြောင့် ပန်းလောင်မြစ်အနီးနေထိုင်သူများအနေနဲ့ အမြင့်ပိုင်း နေရာများမှာ ယာယီရွှေ့ပြောင်းနေထိုင်ကြရန် မီးသတ်တပ်ဖွဲ့ဝင်များမှ ကြိုတင်အသိပေးမှုများပြုလုပ်ခဲ့ပါတယ်။ (NVS 003)

03 Oct

ADVERTISE HERE .