“မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာလ ၆ ရက်ထိ မိုးကြီးနိုင်”

03 Oct

မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာလ ၂ ရက် ညပိုင်းမှ အောက်တိုဘာလ ၆ ရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာလ ၂ ရက် ည ၇ နာရီအချိန် အထူးမိုးလေဝသသတင်း အဖြစ် ထုတ်ပြန်ချက်အရ သိရပါတယ်။ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းတာကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့လေအေးတွေ တွေ့ဆုံမှုကြောင့်လည်းကောင်း၊ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း ကရတ်သွန်မှ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါ့ကြောင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် အပါအဝင် တိုင်းဒေသကြီနှင့် ပြည်နယ် အများစုမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးခြင်း လေပြင်းတိုက်ခတ်ခြင်း ဖြစ်ပေါ်နိုင်သလို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အပါအဝင် တိုင်း‌‌ဒေသကြီးနဲ့ပြည်နယ် အချို့မှာတော့ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းနိုင်တယ်လို့ ထုတ်ပြန်ချက် အရ သိရပါတယ်။ မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ် နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှု မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင် သူတွေအနေနဲ့ ရေကြီးရေလျှံမှုတွေကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရေး၊ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။ (NVS 003)

03 Oct

ADVERTISE HERE .