“ပုဂံ‌‌ယဉ်ကျေးမှုဒေသရှိ စေတီတော် ၉ ဆူအနက် ၄ ဆူမှာ မိုးကြိုးလွှဲတပ်ဆင်ပြီးစီး”

03 Oct

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ စေတီတော် ၉ ဆူကို မိုးကြိုးလွှဲ ဆက်လက်တပ်ဆင်နေရာ အောက်တိုဘာလ ၁ ရက်အထိ စေတီတော် ၄ ဆူမှာ မိုးကြိုးလွှဲ တပ်ဆင်ပြီး ဖြစ်တယ်လို့ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။ ပုဂံဒေသအတွင်းရှိ ငှက်ပစ်တောင်၊ အလိုတော်ပြည့်၊ ဗူးဘုရား၊ ရှင်အဇ္ဇဂေါဏ၊ ပြသာဒ်ကြီး၊ တုရင်တောင်၊ လောကနန္ဒာ၊ လေးမျက်နှာ၊ မင်္ဂလာစေတီနဲ့ စေတနာကြီး စေတီတို့မှာ မိုးကြိုလွှဲတပ်ဆင်နေတာဖြစ်ပြီး ငှက်ပစ်တောင်၊ အလိုတော်ပြည့်၊ ဗူးဘုရားနဲ့ ရှင်အဇ္ဇဂေါဏ စတဲ့ စေတီလေးဆူမှာ မိုးကြိုလွှဲတပ်ဆင်ပြီးတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ကျန်ရှိတဲ့ရှေးဟောင်းစေတီ ၅ ဆူမှာလည်း မိုးကြိုးလွှဲတပ်ဆင်နိုင်ဖို့ ငြမ်းဆင်တာနဲ့ တိုင်းတာတဲ့ လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ အခုနှစ် မတ်လကလည်း ပုဂံဒေသအတွင်းရှိ ထီးလိုမင်းလို၊ မြစေတီ၊ ရွှေဆံတော်၊ ဓမ္မရံကြီး၊ ဓမ္မရာဇက၊ စူဠာမဏိ အပါအဝင် ရှေးဟောင်းဘုရား ၁၁ ဆူမှာ မိုးကြိုးလွှဲတပ်ဆင်ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ပုဂံ ဒေသရှိ ဗူးဘုရားနဲ့ ဓမ္မရာဇက စေတီတော်တို့ကို မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ပြီးနောက် ရှေးဟောင်းအဆောက်အအုံတွေ ရေရှည်တည်တံ့စေဖို့နဲ့ ထိန်းသိမ်းပြုပြင်တဲ့လုပ်ငန်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ (NVS 003)

03 Oct

ADVERTISE HERE .