“ကစားသမား ဖိုဒန် ကို ယုံကြည်မှုအပြည့်ရှိကြောင်း ပြောခဲ့တဲ့ ဂွာဒီယိုလာ”

02 Oct

မန်စီးတီးနည်းပြ ဂွာဒီယိုလာက အသင်းရဲ့တောင်ပံကစားသမား ဖိုဒန် ကို အရင်ကလို စွမ်းဆောင်ရည်မျိုး ပြန်လည်ရရှိလာလိမ့်မယ်လို့ ယုံကြည်ကြောင်း စက်တင်ဘာလ ၃၀ ရက်က တရားဝင်ပြောကြားခဲ့ပါတယ်။ အခု ဘောလုံးရာသီမှာ ဖိုဒန် ဟာ မန်စီးတီးအသင်းအတွက် ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပြီး အရန်ကစား သမားအဖြစ်နဲ့သာ ကစားနေရတာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းအတွက် ပြီးခဲ့တဲ့ဘောလုံးရာသီက ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအကောင်းဆုံး ကစား သမားဆုကို ရရှိနိုင်အောင် ခြေစွမ်းပြသခဲ့ပေမယ့် အခုဘောလုံးရာသီမှာ ဖိုဒန် ကို အရန်ကစားသမား အဖြစ်နဲ့သာ မြင်တွေ့နေရတာကြောင့် ပရိသတ်တွေအတွက်လည်း စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။ နည်းပြ ဂွာဒီယိုလာ ကတော့ ဖိုဒန်ဟာ ကျန်းမာရေးအခြေအနေကြောင့် အခုလိုဖြစ်နေခဲ့ပေမယ့်လည်း အရင်ကလို စွမ်းဆောင်ရည်မျိုး ပြန်လည်ရရှိ လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း လာမယ့်ပွဲစဉ်တွေမှာ မန်စီးတီးအသင်းရဲ့ လူစာရင်းမှာ ဖိုဒန်ကို ပြန်လည်မြင်တွေ့ရတော့ မယ်လို့ နည်းပြ ဂွာဒီယိုလာက ဆက်လက် ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်စီးတီးအသင်း အတွက် ပြိုင်ပွဲစုံ ၅၃ ပွဲအထိ ကစားပေးခဲ့တဲ့ ဖိုဒန် ဟာ အခုဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်တစ်ပွဲမှ မရရှိ သေးတာ ဖြစ်ပါတယ်။ (NVS-008)

02 Oct

ADVERTISE HERE .