“လိုင်လီနှင့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတဲ့ ကော်တွိုက်စ်”
02 Octစပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိကဂိုးသမား ကော်တွိုက်စ် ဟာ အက်သလက်တီကိုအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် လိုင်လီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အက်သလက်တီကိုအသင်းနဲ့ပွဲစဉ်မှာ ကော်တွိုက်စ် ဟာ ပွဲချိန်ပြည့်ကစားပေးခဲ့ပေမယ့် ပွဲချိန်အတွင်း တင်ပါး ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ကော်တွိုက်စ် ဟာ ဒဏ်ရာကြောင့် အနားယူရမှာဖြစ်လို့ လိုင်လီအသင်းနဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို အရန်ဂိုးသမား လူနင် နဲ့ ကစားသွားဖွယ်ရှိတယ်လို့လည်း သတင်း တွေက ဆက်လက်ဖော်ပြခဲ့ကြပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့လူစာရင်းမှာ ကော်တွိုက်စ် အနေနဲ့ လွဲချော်ဖွယ်ရှိနေပေမယ့် ဒဏ်ရာကြောင့် အနားယူနေတဲ့ တိုက်စစ်မှူး အမ်ဘာပေ ကတော့ ပြန်လည်ပါဝင်လာဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ကော်တွိုက်စ် ဟာ ဒဏ်ရာပြဿနာတွေကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။ (NVS-008)