“တရုတ်အိုးပင်း ဆီမီးဖိုင်နယ်အဆင့်ကို ဆင်နာ တက်ရောက်”
02 Octတရုတ်နိုင်ငံ၊ ပေကျင်းမှာကျင်းပနေတဲ့ တရုတ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်(၁) အီတလီတင်းနစ် သမား ဆင်နာ ဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ စက်တင်ဘာလ ၃၀ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ကွာတားဖိုင်နယ်မှာ ဆင်နာ ဟာ ချက်တင်းနစ်သမား လီဟက်ကာ နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ဆင်နာ အတွက် အဆိုပါ ပွဲစဉ်ဟာ လွယ်ကူတဲ့ပွဲစဉ်တစ်ပွဲ မဟုတ်ခဲ့တာကိုတွေ့ရပါတယ်။ လီဟက်ကာ ဟာ အခုနှစ်ပြိုင်ပွဲမှာရရှိနေတဲ့ အကောင်းဆုံးလက်စွမ်းကို အခုပွဲစဉ်မှာလည်း ဆက်လက်ပြသနိုင်ခဲ့ပြီး ဆင်နာ ကို အခက်တွေ့အောင် ကစားသွားနိုင် ခဲ့ပါတယ်။ ဒါကြောင့်လည်း ဆင်နာ ဟာ အခုပွဲမှာ အနိုင်ရဖို့ ပွဲကစားချိန် ၂ နာရီနီးပါး ကြာမြင့်ခဲ့ကာ ၆း၂၊ ၇း၆ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တရုတ်အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူခဲ့သလို အခုနှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ကာကွယ်ရန် ကြိုးစားနေတဲ့ ဆင်နာ အနေနဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ တရုတ်တင်းနစ်သမား ယန်ချော့ကီတီ နဲ့ ဆက်လက်ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်(၉၆)မှာရပ်တည်နေတဲ့ ယန်ချော့ကီတီ ဟာ ကွာတားဖိုင်နယ်အဆင့်မှာ ရုရှား တင်းနစ်သမား ရူဘလက်ဗ် ကို အံ့အားသင့်ဖွယ်အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ (NVS-008)