“ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားဖြစ်လာခဲ့တဲ့ ဂျပန်ကစားသမား ကူဘို”
02 Octလာလီဂါကလပ် ဆိုစီဒက်အသင်းရဲ့ အသက် ၂၃ နှစ်အရွယ် တိုက်စစ်ကစားသမား ကူဘို ဟာ ဗလင်စီယာ အသင်းကို ၃ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားတဲ့ ဂျပန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ကူဘို ရဲ့ ကစားသမားဘဝ လာလီဂါပွဲပေါင်း ၁၆၇ ပွဲ ပြည့်မြောက်ခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီတွင် ၄ နှစ်ကြာ(၂၀၁၁ ခုနှစ်မှ ၂၀၁၅ နှစ်အထိ) ကစားခဲ့ဖူးခဲ့ကာ ၂၀၁၉ ခုနှစ်တွင် ရီးရဲလ်အသင်းသို့ပြောင်းရွှေ့ကာ မာယော့ကာ၊ ဗီလာရီးယဲလ်၊ ဂီတာဖေးနဲ့ ဆိုစီဒက် စတဲ့ အသင်းတွေမှာ လာလီဂါကစားသမားအဖြစ် ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ အီဘာ၊ ဘက်တစ်နှင့် အလာဗတ်စ်အသင်းများတွင် ကစားခဲ့ဖူးတဲ့ ဂျပန်ဝါရင့်ကွင်းလယ်တိုက်စစ် ကစား သမား အီနူအီ ရဲ့စံချိန် ၁၆၆ ပွဲကိုကျော်ဖြတ်ကာ ကူဘို က စံချိန်သစ်တင်ရှိနိုင်ခဲ့ခြင်းဖြစ်ပြီး ကစားသမားဘဝ လာလီဂါ သွင်းဂိုး ၂၄ ဂိုးဖြင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားတဲ့ ဂျပန်ကစားသမားအဖြစ်လည်း စံချိန်သစ်ရရှိခဲ့ကြောင်းသိရပါတယ်။ (NVS-008)