“ချန်ပီယံဆုအကြောင်းပြောရန် စောသေးကြောင်း ကွန်တီ ပြော”

02 Oct

အခုတစ်ပတ် ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ မွန်ဇာအသင်းကို အနိုင်ရပြီးနောက် စီးရီးအေအမှတ်ပေးဇယား ထိပ်ဆုံးကို ရောက်လာပေမယ့် ချန်ပီယံဆုအကြောင်းပြောရန် စောသေးကြောင်း နာပိုလီနည်းပြ ကွန်တီက ပြောကြား လိုက်ပါတယ်။ မွန်ဇာအသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ နာပိုလီအသင်းဥက္ကဋ္ဌ က ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အဆင့်သို့ ရောက်ရှိနေပြီလို့ ပြောကြားခဲ့ပေမယ့် နည်းပြကွန်တီကတော့ အခုချိန်မှာ ချန်ပီယံဆုအကြောင်းထက် တစ်ပွဲချင်းစီကို အာရုံစိုက်ရမှာဖြစ်တယ်လို့ ပြောသွားခဲ့တာပါ။ စီးရီးအေရာသီအဖွင့်ပွဲမှာ နာပိုလီအသင်းဟာ ဗီရိုနာအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ရလဒ်ကောင်းတွေရရှိခဲ့ပြီး ပွဲစဉ် ၆ ပွဲပြီးဆုံးချိန်မှာ ရမှတ် ၁၃ မှတ်နဲ့ အဆင့်(၁)နေရာကို ရောက်ရှိလာခဲ့တာ ဖြစ်ပါ တယ်။ အဆိုပါရလဒ်ဟာ နာပိုလီအသင်းအတွက်တော့ ၁၈ လအတွင်း စီးရီးအေအမှတ်ပေးဇယား အဆင့်(၁)နေရာကို ပထမဆုံးအကြိမ် ပြန်လည်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်နဲ့အင်တာမီလန်အသင်းတွေကို စီးရီးအေချန်ပီယံဆုရအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ ကွန်တီ ကတော့ အခုချိန်မှာ ချန်ပီယံဆုအကြောင်းကို ပြောနေတာထက် တစ်ပွဲချင်းစီရလဒ်ကောင်းဖို့ကိုသာ အာရုံစိုက်ထား ရမှာဖြစ်တယ်လို့ အသင်းသားတွေကို သတိပေးသွားခဲ့ပါတယ်။ (NVS-008)

02 Oct

ADVERTISE HERE .