“မိုင်းကိုင်-နမ့်လန်သွားလမ်းပေါ်ရှိ ဆားတောတံတား ရေတိုက်စားမှုကြောင့်ပြိုကျပျက်စီး”

02 Oct

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့၊ မိုင်းကိုင်-နမ့်လန်သွားလမ်းပေါ်ရှိ ဆားတောတံတားဟာ အောက်တိုဘာလ ၁ ရက်မွန်းလွဲ ၂ နာရီခန့်မှာ ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။ မိုင်းကိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး နန်းလုံချောင်းရေမြင့်တက်ခဲ့လို့ မိုင်းကိုင်-နမ့်လန်သွားလမ်းပေါ်မှ အလျား ၃၆၀ ပေ၊ အကျယ် ၃၀ ပေ၊ ခံနိုင်ဝန် ၆၀ တန်ရှိ တံတားအမှတ်(၃/၉၁)ဖြစ်တဲ့ ဆားတော သံကူကွန်ကရစ် တံတားရဲ့ မြောက်ဘက်ခြမ်း ချဉ်းကပ်လမ်းအကျယ် ၃၀ ပေ၊ အလျား ၃၀ ပေခန့် ရေတိုက်စားကာပြိုကျပျက်စီးခဲ့လို့ ကားများသွားလာမှုရပ်တန့်ခဲ့ရပါတယ်။ ဒါကြောင့် လူနှင့်ယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာနိုင်ရန် ချဉ်းကပ်လမ်းပျက်စီးခဲ့သည့် ဆားတော တံတားကို မိုင်းကိုင်မြို့နယ်၊ လမ်း/တံတားဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ပြန်လည်ပြုပြင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ (NVS-008)

02 Oct

ADVERTISE HERE .