“မကာအိုပြိုင်ပွဲမှာ ပထမအဆင့်ကနေ ထွက်ခဲ့ရတဲ့ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ”
01 Octမြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ က မကာအိုနိုင်ငံမှာ ကျင်းပတဲ့ မကာအိုအိုးပင်း ကြက်တောင် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရာ ပထမအဆင့်မှ ထွက်ခဲ့ရတယ်လို့ သိရပါတယ်။ သက်ထားသူဇာ က အခုပြိုင်ပွဲမှာ လက်ရည်စစ်ပွဲယှဉ်ပြိုင်စရာမလိုဘဲ နောက်ဆုံးအဆင့်မှ တိုက်ရိုက် ယှဉ်ပြိုင်ခွင့်ရခြင်း ဖြစ်ပါတယ်။ သက်ထားသူဇာ က ပထမအဆင့်မှာ ဂျပန်နိုင်ငံသူ မာနာမီနှင့်တွေ့ဆုံခဲ့ပြီး ၂ပွဲ ၁ ပွဲနဲ့ အရေးနိမ့်ခဲ့ခြင်းဖြစ်ပါတယ်။ သက်ထားသူဇာ အနေနဲ့ စက်တင်ဘာလအတွင်း တရုတ်တိုင်ပေ၊ ဟောင်ကောင်၊ တရုတ်နှင့် မကာအိုနိုင်ငံ၌ ကျင်းပသည့် BWF ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အောင်မြင်မှုရယူနိုင်ခြင်းမရှိဘဲ ပထမအဆင့်၊ ဒုတိယ အဆင့်တို့မှ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ သက်ထားသူဇာ က ပါရီအိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် BWF ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ (NVS 008)
01 Oct