“ရော်နယ်ဒို ကို သက်တမ်းတိုးဖို့ စီစဉ်နေတဲ့ အယ်လ်နာဆာအသင်း”

01 Oct

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းက ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး ရော်နယ်ဒို ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေတယ်လို့ သိရပါတယ်။ ရော်နယ်လ်ဒိုနှင့် အယ်လ်နာဆာအသင်းရဲ့ လက်ရှိစာချုပ်မှာ လာမယ့် ၂၀၂၅ နွေရာသီတွင် ကုန်ဆုံးမှာဖြစ်ပြီး အယ်လ်နာဆာအသင်းက ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်မပြုလိုတဲ့အတွက် သက်တမ်းတိုးရန် စီစဉ်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကစားသမားဘဝမှ အနားယူခြင်းမပြုရန် ဆုံးဖြတ်ထားသော ရော်နယ်ဒိုက အယ်လ်နာဆာအသင်း ကမ်းလှမ်းလာခဲ့ပါက လက်ခံဖွယ်ရှိနေပါတယ်။ ရော်နယ်ဒို က ပေါ်တူဂီလက်ရွေးစင်အသင်း နှင့်အတူ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူလိုတဲ့ မျှော်လင့်ချက်ကို ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် နောက်ဆုံးအနေဖြင့် ကြိုးစားရန် ရည်ရွယ်ထားခြင်းကြောင့် အယ်လ်နာဆာအသင်းမှာ ဆက်ကစားနိုင်ဖို့ လိုလားနေတာ ဖြစ်ပါတယ်။ (NVS 008)

01 Oct

ADVERTISE HERE .