“နိုင်ငံလက်ရွေးစင်ဘဝမှ အနားယူခဲ့ကြောင်းကြေညာခဲ့တဲ့ ဂရစ်ဇ်မန်း”
01 Octပြင်သစ်တိုက်စစ်ကစားသမား ဂရစ်ဇ်မန်း က နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့ပြီဖြစ်တယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂရစ်ဇ်မန်း အနေနဲ့ နိုင်ငံအသင်းအတွက် ၁၃၇ ပွဲ ကစားပေးခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံကိုရယူပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဂရစ်ဇ်မန်း ဟာ ပြင်သစ်အသင်းတွက် ပြိုင်ပွဲစုံ ၁၃၇ ပွဲကစားထားခဲ့ပြီး သွင်းဂိုး ၄၄ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပြီး လက်ရှိတွင် စပိန်လာလီဂါကလပ် အက်သလက်တီကိုအသင်းမှာ ခြေစွမ်းပြကစားနေတာဖြစ်ပါတယ်။ (NVS 008)
01 Oct