“ကလပ်ကမ္ဘာ့ဖလားအတွက် စိတ်လှုပ်ရှားနေတဲ့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို”

01 Oct

၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့်အပေါ် စိတ်လှုပ်ရှား မိတယ်လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို က ပြောကြားလိုက်ပါတယ်။ ပုံစံသစ်ပြောင်းလဲလိုက်တာကြောင့် ပြိုင်ပွဲဝင် အသင်းပေါင်း ၃၂ သင်းအထိ ကစားကြမယ့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့ ဘောလုံးကွင်းတွေက ပရိသတ်တွေရဲ့စိတ်ကို ဖမ်းစားနိုင်မှာ သေချာသလို ပရိသတ် တွေအနေနဲ့လည်း ဘောလုံးကွင်းအတွင်း စိတ်လှုပ်ရှားမှု အပြည့်အဝရမှာဖြစ်တာကြောင့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို လာရောက်အားပေးကြဖို့အတွက် အင်ဖန်တီနို က ဖိတ်ခေါ်ထားပါတယ်။ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို နယူးဂျာစီအသင်းရဲ့ အိမ်ကွင်းမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ အင်ဖန်တီနိုက တရားဝင်အတည်ပြုခဲ့ပါတယ်။ အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် လာမယ့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၅ ရက်ကနေစတင်ကာ ဇူလိုင်လ ၁၃ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ (NVS 008)

01 Oct

ADVERTISE HERE .