“ဒေါ်နယ်ထရမ့် ရှုံးလျှင် ယခုရွေးကောက်ပွဲက အမေရိကန်အတွက် နောက်ဆုံးရွေးကောက်ပွဲဖြစ်မည်ဟု အီလွန်မက် သတိပေး”
01 Octယခုရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်ရှုံးနိမ့်ခဲ့ပါက ထိုရွေးကောက်ပွဲသည် အမေရိကန်နိုင်ငံသားများ အတွက် နောက်ဆုံးရွေးကောက်ပွဲဖြစ်လာမည်ဟု နည်းပညာကုမ္ပဏီများ၏အကြီးအကဲ အီလွန်မက် က သတိပေး လိုက်သည်။ ဒီမိုကရက်တစ်ပါတီက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုရေး ကတိပေးခြင်းအားဖြင့် ယိမ်းလွယ်သောပြည်နယ်များတွင် ၎င်းတို့အတွက်ထောက်ခံမှုကို ရရှိခဲ့လျှင် အမေရိကန် နိုင်ငံသည် တစ်ပါတီနိုင်ငံသာဖြစ်တော့မည်ဖြစ်ကြောင်း အီလွန်မက်က ပြောထားခြင်းဖြစ်သည်။ ဒီမိုကရက်တစ် ပါတီမှ သမ္မတကိုယ်စားလှယ်လောင်းဖြစ်သည့် ဒုတိယသမ္မတ ကမ်မလာဟဲရစ်က ဒေါ်နယ်ထရမ့်သည် ဒီမိုကရေစီ ၏ အန္တရာယ်ဖြစ်သည်ဟု အကြိမ်ကြိမ်ပြောထားသော်လည်း တကယ်တမ်းတွင် ဟဲရစ်ပြောဆိုချက်၏ ပြောင်းပြန် သာ အမှန်ဖြစ်ကြောင်း အီလွန်မက် က ဆက်ပြောသည်။ အကယ်၍ တစ်နှစ်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူအယောက် ၂၀ အနက်တစ်ဦးသာ နိုင်ငံသား ဖြစ်ခွင့်ပေးမည်ဆိုပါက လေးနှစ်အတွင်း တရားမဝင်မဲပေးခွင့်ရသူ နှစ်သန်းရှိလာပြီဖြစ်ကြောင်း၊ လက်ရှိအစိုးရ လက်ထက်မှာပင် နိုင်ငံသားဖြစ်ခွင့်ရသည့် ရွှေ့ပြောင်းနေထိုင်သူ ကိုးသန်းအထိ ရှိထားကြောင်း၊ နောက်ပိုင်းတွင် အဆိုပါ ပြောင်းရွှေ့နေထိုင်သူများမှ နိုင်ငံသားဖြစ်လာသူများ၏မဲပေးမှုဖြင့် ဒီမိုကရက်တစ်ပါတီက နိုင်ငံရေးတွင် ဗိုလ်ကျလွှမ်းမိုးမှုရှိသော ပါတီဖြစ်လာတော့မည်ဖြစ်ကြောင်းနှင့် အမေရိကန်သည် တစ်ပါတီအာဏာရှင်စနစ်သို့ ရောက်ရှိသွားလိမ့်မည်ဖြစ်ကြောင်း အီလွန်မက် က သတိပေးထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရ သည်။